နေပြည်တော်၊
သြဂုတ် ၂၂
စားသုံးသူအကာအကွယ်ပေးရေး ဗဟိုကော်မတီ၏
စတုတ္ထအကြိမ် အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊
ညီလာခံခန်းမ၌ ကျင်းပရာ စားသုံးသူအကာ အကွယ်ပေးရေး ဗဟိုကော်မတီဥက္ကဌ၊ စီးပွားရေးနှင့်ကူးသန်း
ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြော
ကြားသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က
စားသုံးသူ အကာအကွယ်ပေးရေးနှင့် ပတ်သက်၍ နိုင်ငံတကာတွင်လည်း ထိရောက်စွာ ဆောင်ရွက်နေပါကြောင်း၊
အာဆီယံဒေသတွင်း နိုင်ငံအများစုတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန
သို့မဟုတ် ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး ဌာနတို့က တာဝန်ယူဆောင်ရွက်လျှက်ရှိပြီး ထိုင်းနိုင်ငံနှင့်
ဘရူးနိုင်းနိုင်ငံတို့တွင် ဝန်ကြီးချုပ်ရုံးနှင့် အစိုးရ အဖွဲ့ရုံးတို့က တာဝန်ယူဆောင်ရွက်လျှက်ရှိပါကြောင်း၊
အာဆီယံစီးပွား ရေး အသိုက်အဝန်း၏ အောက်တွင်လည်း အာဆီယံစားသုံးသူ အကာအကွယ်ပေးရေး ကော်မတီ(ACCP)ကို
ဖွဲ့စည်းပြီး မဟာဗျူဟာ(၄)ရပ် ချမှတ်ဆောင်ရွက်လျှက် ရှိပါကြောင်း၊ မိမိတို့ စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက်
ကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် အမျိုးသားပို့ကုန် မဟာဗျူဟာ၊ အထူး စီးပွားရေး ဇုန်ကိစ္စရပ်များကို
ဆောင်ရွက်လျှက်ရှိသကဲ့သို့ စားသုံးသူအကာအကွယ် ပေးရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျှက်ရှိပါကြောင်း၊
ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့်ပတ်သက်၍
စားသုံးသူများ၏ဘေးအန္တရာယ် ကင်းရှင်းရေး၊ စိတ်ကျေနပ်မှုရရှိစေရေး တို့ကို စားသုံးသူအကာအကွယ်ပေးရေး
ဥပဒေနှင့်အညီ ပြည်ထောင်စု နယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် များ၊ ခရိုင်များတွင်
စားသုံးသူအငြင်းပွားမှု ဖြေရှင်း ရေးအဖွဲ့များကိုဖွဲ့စည်း၍ စားသုံးသူ အကာအကွယ်ပေးရေး
ဆိုင်ရာ အသိပညာပေးခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်း၊ အငြင်းပွားမှုဖြေရှင်းခြင်း တို့ကိုဆောင်ရွက်လျှက်
ရှိပါကြောင်း၊ စားသုံးသူများကို အသိပညာပေးခြင်း ဆောင်ရွက်နေသကဲ့သို့ ထုတ်လုပ်သူ၊ ရောင်းချသူများကိုလည်း
အသိပညာ ပေးခြင်း၊ အရေးယူခြင်းတို့ကို ဆောင်ရွက်လျှက်ရှိပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌
စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းများကိုဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဒေသခံလူမှုအဖွဲ့
အစည်းများ အပါအဝင် ပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်မှ သာအောင်မြင်နိုင် မည်ဖြစ်ပါကြောင်း
ပြောကြားသည်။
ထိုနောက် စားသုံးသူအကာအကွယ်ပေးရေး ဗဟိုကော်မတီ
ဒုတိယဥက္ကဌများ ဖြစ်ကြသော ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး၊ စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးအောင်ထူး တို့က စားသုံးသူအကာ အကွယ်ပေးရေးလုပ်ငန်းများနှင့်
ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး ဗဟိုကော်မတီ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊
ညွှန်ကြားရေးမှူးချုပ် ဦးလှမော်ဦးက စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်းများနှင့်ပတ်သက်၍
အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများကို အသေးစိတ်ရှင်းလင်းဆွေးနွေး ကာ တက်ရောက်လာကြ
သော ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စားသုံးသူ
အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ဥက္ကဌများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်
စက်မှုလက်မှုလုပ်ငန်း ရှင်များ အသင်းချုပ်ဥက္ကဌနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူများ
ကစားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းများကို ပိုမိုအရှိန်အဟုန်မြှင့်တင် နိုင်ရေးအတွက်
ဥပဒေနှင့်အညီ ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ အသေးစိတ်ညှိနှိုင်း ဆွေးနွေးကြသည်။
ထို့နောက် ဗဟိုကော်မတီဥက္ကဋ္ဌက တင်ပြချက်များနှင့်
စပ်လျဉ်း၍ နိဂုံးချုပ်အမှာစကာ ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment