Tuesday, August 22, 2017

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ International Rice Research Institute (IRRI) အဖွဲ့အား တွေ့ဆုံ ဆွေးနွေး

နေပြည်တော်၊ သြဂုတ် ၂၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် ယနေ့ မွန်းလွဲ (၁) နာရီခွဲတွင် International Rice Research Institute (IRRI) ရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် IRRI Board of Trustees ၏ အတွင်းရေးမှူး  Dr. V. Bruce Tolentino နှင့်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌
တွေ့ဆုံ၍ International Rice Research Institute (IRRI) နှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိသော စီမံကိန်း လုပ်ငန်းများနှင့် နည်းပညာပိုင်းဆိုင်ရာပူးပေါင်း တိုးမြှင့်ဆောင်ရွက်မည့် ကိစ္စရပ်များ အောက်တိုဘာ(၉)ရက်မှ (၁၁) ရက်ထိ နေပြည်တော်တွင် IRRI Board of Trustees အစည်းအဝေးကျင်းပနိုင်ရေးနှင့် လက်ရှိဆောင်ရွက်နေသည့် အချက်အလက်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment