Monday, August 7, 2017

မြောက်ဦးမြို့၌ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စေတနာရှင် အလှူရှင်များ ရိုးရာစဉ်လာမပျက် ဆွမ်းတော်ကြီး လောင်းလှူ



မြောက်ဦး         သြဂုတ်        
ရခိုင်ပြည်နယ် မြောက်ဦးမြို့ ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းပြီး ရိုးရာစဉ်လာမပျက် ဆွမ်းတော်ကြီးလောင်းလှူပွဲကို မြောက်ဦးမြို့ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အထင်ကရဖြစ်သည့် ရှေးဟောင်းသမိုင်းဝင် သျှစ်သောင်း ပုထိုးတော်ကြီး အတွင်း သြဂုတ် ၆ ရက် ညနေ ၃ နာရီက လောင်းလှူခဲ့ကြကြောင်း သိရသည်။

မြောက်ဦးမြို့ပေါ်ရှိ  ဘုန်းတော်ကြီးကျောင်းတိုက် အသီးသီးမှ ရဟန်း ၊ သာမဏေများ နှင့် သီလရှင်များအား ဌာနဆိုင်ရာ ဝန်ထမ်းများ ၊ စေတနာရှင် အလှူရှင်များမှ ဆွမ်း ၊ အဖျော်ရည်ဗူးများ ၊ အသင့်သုံး ပစ္စည်းများ ၊ ခေါက်ဆွဲထုပ်များ ၊ ဆပ်ပြာထုပ်များ ၊ သွားတိုက် ဆေးဘူးများ ၊ ဆေးဝါး ပစ္စည်းများ စသည့်တို့ကို စိတ်ထား ကြည်ဖြူ ကုသိုလ်ယူကာ လောင်းလှူခဲ့ကြသည်။
ဆွမ်းတော်ကြီး လောင်းလှူပွဲသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချို ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘိုဘိုမင်းသိုက်၊ ဌာနဆိုင်ရာ ဝန်ထမ်းများ နှင့် စေတနာရှင် အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။  
ခရိုင် (ပြန်/ဆက်)

No comments:

Post a Comment