Monday, August 7, 2017

မင်းဘူးမြို့၌ မူခင်းသတင်းထောက်အဖွဲ့ခွဲရုံး ဖွင့်လှစ်တာဝန်ပေးအပ်ပွဲ ကျင်းပ



မင်းဘူး            သြဂုတ်          
မှုခင်းအသိပညာပေး လုပ်ငန်းများ၊ မှုခင်းအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို ကူညီဆောင်ရွက်ရန်၊ ပြည်သူများ၏ မှုခင်းအခက်အခဲ ပြဿနာများကို အခမဲ့ ကူညီဆောင်ရွက်ရန်စသည့် ရည်ရွယ်ချက်များဖြင့် မင်းဘူးမြို့၌ မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များအသင်း (ဗဟို-အဖွဲ့ချုပ်) မှုခင်း သတင်းထောက်အဖွဲ့ခွဲ ရုံးဖွင့်လှစ် တာဝန်ပေးအပ်ပွဲ အခမ်းအနားကို မင်းဘူးမြို့ မန်းသီတာ(၂)ခန်းမ၌ သြဂုတ် လ ၇ ရက်နေ့ နံနက်(၁ဝ)နာရီက ကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်း (ဗဟိုအဖွဲ့ချုပ်) ဥက္ကဋ္ဌ ဦးသက်နိုင်ဦးက မူခင်းသတင်းထောက် အဖွဲ့ခွဲရုံး၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ မင်းဘူးမြို့နယ် တရားသူကြီး ဦးဇော်မင်းနှင့် မင်းဘူးမြို့ မြို့မရဲစခန်းမှူး ဒု-ရဲမှူးဦးမြင့်ဇော်တို့က အမှာစကားများ ပြောကြားခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားသို့ ၊မင်းဘူးခရိုင်း/မြို့နယ် တရားသူကြီးများ ၊မင်းဘူးခရိုင်/မြို့နယ် ဥပဒေအရာရှိများ၊ မင်းဘူးမြို့၊ မြို့မရဲစခန်းမှူး၊ စာပေစာနယ်ဇင်း အဖွဲ့များ၊ မှုခင်းသတင်းထောက်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ဖိုးပြည့်(မင်းဘူး)

No comments:

Post a Comment