Wednesday, August 30, 2017

စွမ်းအင်ကုန်ကြမ်း အဖြစ်ပါ အသုံးဝင်သည့်အတွက် ကြံသီးနှံစိုက်ပျိုး ထုတ်လုပ်မှု ဖွံ့ဖြိုးရေး အားပေး ဆောင်ရွက်



နေပြည်တော် သြဂုတ် ၃၀

ကြံသီးနှံသည် စက်မှုကုန်ကြမ်း ဖြစ်သည့် အားလျော်စွာ သကြားထုတ်လုပ်သော သီးနှံအပြင် စွမ်းအင် ထုတ်သီးနှံအဖြစ် ဆောင်ရွက်နိုင်သည့်အတွက် ဈေးကွက်သေချာသည့် အလားအလာကောင်း သီးနှံဖြစ်၍ စီးပွားရေး တွက်ခြေကိုက်သည့် သီးနှံဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ပြောကြားသည်။ မြန်မာနိုင်ငံ၏ ရေ၊မြေ၊ ရာသီဥတု အခြေအနေ အရ ကြံသီးနှံ စိုက်ပျိုးဖြစ်ထွန်းခြင်း၊ ပြည်တွင်းတွင် သကြားအခြေခံ စက်မှုလုပ်ငန်းရှင်များ ရှိခြင်း၊

 ပိုလျှံသကြားကို ပြည်ပသို့တင်ပို့ရောင်းချရန် သကြားလို အပ်နေသည့် ဈေးကွက်များ ရှိခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ ကြံသကြား လုပ်ငန်းအား ပိုမို ဖွံ့ဖြိုးတိုးတက်အောင် မြှင့်တင် ဆောင်ရွက်ရန် လိုအပ်ကြောင်း ယနေ့  နံနက် ၈ နာရီခွဲက နေပြည်တော် ပုဗ္ဗသီရိ မြို့နယ် သပြေကုန်း ကျေးရွာအနီးရှိ စက်စက်ယိုဆည် ရေသောက် ကြံသီးနှံတောင်သူ ပညာပေး စိုက်ကွင်း ရှင်းလင်း ဆောင်ခန်းမ ၌ ကျင်းပသည့် ကြံသီးနှံ တောင်သူ ပညာပေး သရုပ်ပြပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ထိုကဲ့သို့  ဆွေးနွေး ပြောကြားခြင်း ဖြစ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနား တက်ရောက် လာကြသူများသည် ချက်ကြံသီးနှံမျိုး ယှဉ်ပြိုင် စမ်းသပ်ကွက်အား ကြည့်ရှုစစ်ဆေး အားပေးကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းမြင့် က ရှင်းလင်း ပြသည်။

ထိုမှတဆင့် ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် ပျဉ်းများမြို့နယ်ရှိ စိုက်ပျိုးရေး ဦးစီးဌာန၊ ကြံသီးနှံ သုတေသန ဌာနနှင့် နည်းပညာ ဖွံ့ဖြိုးရေးခြံသို့ ရောက်ရှိကြပြီး ကြံသီးနှံ သုတေသန လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကော်ဖီ၊ မက္ကဒေးမီးယား၊ ရာဘာ၊ ဝါသီးနှံများ၏ မျိုးသန့်မျိုးပွား ဆောင်ရွက်မှုနှင့် နည်း ပညာ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး သီးနှံ တစ်မျိုးချင်းစီ၏ အထွက်နှုန်းနှင့် အရည်အသွေးပိုင်းသာမက စိုက်စရိတ် လျော့နည်း သက်သာစေရေး၊ တစ်ဧကအကျိုး အမြတ် ပိုမိုရရှိရေးနှင့် ဈေးကွက် တောင်းဆိုမှုတို့ကိုပါ ထည့်သွင်းစဉ်းစား၍ နည်ပညာပိုင်း မြှင့်တင် အသုံးပြု ဆောင်ရွက်နိုင်ရေး ကြိုးပမ်း ဆောင်ရွက် ကြရန် ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment