နေပြည်တော် သြဂုတ် ၁
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည်
နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ Mr. Yohei SASAKAWA ၏ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံသို့ အလုပ်သဘော
ချစ်ကြည်ရေးခရီးသွားရောက်ရန် ယနေ့ နံနက် ၉ နာရီ မိနစ် ၅ဝ တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ
လေဆိပ်မှ ထွက်ခွာသွားသည်။
တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ်နှင့်အဖွဲ့အား ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ
ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်
သက်ပုံနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး
H.E.Mr. Tateshi Higuchi၊ စစ်သံမှူး Col. Kei TAJIKA နှင့် တာဝန်ရှိသူများက လေဆိပ်၌
ပို့ဆောင်နှုတ်ဆက်ကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ
ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်၊
ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် တပ်မတော်အရာရှိများ
အဖွဲ့ဝင် အဖြစ် လိုက်ပါသွားကြသည်။
ချစ်ကြည်ရေးခရီးစဉ်အတွင်း
ဂျပန်နိုင်ငံအစိုးရ၊ ဂျပန်ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့များ၏ ပူးတွဲစစ်ဦးစီးချုပ်နှင့်
(ကြည်း၊ ရေ၊ လေ) စစ်ဦးစီးချုပ်များအား တွေ့ဆုံ ဆွေးနွေးခြင်းနှင့် ဂျပန်နိုင်ငံရှိ
ယဉ်ကျေးမှုနှင့် စက်မှုလုပ်ငန်း များအား ကြည့်ရှုလေ့လာခြင်းများ ဆောင်ရွက် သွားမည်ဖြစ်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်
ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးချုပ်ဖြစ်သူGeneral Shigeru IWASAKI ၏ ဖိတ်ကြားချက်အရ
၂ဝ၁၄ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး ယခုအကြိမ်သည် ဒုတိယ
အကြိမ်မြောက် သွားရောက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment