နေပြည်တော် သြဂုတ် ၁၆
ပြည်သူ့လွှတ်တော်၊
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးရန်လင်း၊
တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီဥက္ကဋ္ဌ ဦးကျော်မြင့်တို့သည် စားနပ်ရိက္ခာဖူလုံမှု
ပူးပေါင်း ဆောင်ရွက်ရေး (FSWG) အဖွဲ့အားယနေ့ မွန်းလွဲ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်
အဆောင် အမှတ် (I-10) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ ပြင်ဆင်ရေးနှင့် စပ်လျဉ်းသည့်
အကြံပြုချက်များ၊ လယ်ယာမြေကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံလယ်သမားများအား နည်းပညာပံ့ပိုးကူညီပေးနိုင်ရေးနှင့်
လယ်ယာသားငါးကဏ္ဍ စီးပွားရေးဖွံ့ဖြိုးမှု စံနှုန်းများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment