Wednesday, August 30, 2017

မြန်မာ့မီးရထား၏ ၂၀၁၇-၂၀၁၈ ခုနှစ် ပထမ လေးလပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား နေပြည်တော် ဘူတာကြီးရှိ မြန်မာ့မီးရထားရုံးချုပ်၊ အစည်းအဝေးခန်းမ၌ ကျင်းပ


နေပြည်တော် သြဂုတ် ၃၀

မြန်မာ့မီးရထား၏ ၂၀၁၇-၂၀၁၈ခုနှစ်၊ ပထမလေးလပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား သြဂုတ် ၂၉ ရက် နံနက်ပိုင်းတွင် ကျင်းပ ပြုလုပ်ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် တက်ရောက်မှာကြားခဲ့သည်။


အစည်းအဝေးတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်က မိမိတိုင်းအတွင်းရှိ လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခြေအနေ မှန်များကို၊ လုပ်သင့် လုပ်ထိုက်သည့်များကို အစည်းအဝေးတွင် အဖြေ ထုတ်သွားရန်၊ ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးပြီး အမှားများကို သင်ခန်းစာယူ၍ အောင်မြင်အောင် ဆောင်ရွက်သွားကြရန် သို့မှသာ မြန်မာ့မီးရထား၊ တိုင်း(၁၁)တိုင်း လုပ်ငန်းများ၏ အခြေအနေမှန်တွေ သိရှိကာ မည်သို့ ဆောင်ရွက် ပေးရမည်ကို စဉ်းစား ဆုံးဖြတ်ကြရန် မတော်တဆမှုများ လျော့နည်းရေးအတွက် သက်ဆိုင်ရာ ဌာနများပူးပေါင်း ဆွေးနွေးကြရန် မိမိတို့တိုင်းများ၏ အစည်းအဝေး များတွင်လည်း ဝန်ထမ်းများအား လွပ်လပ်စွာ ပြောဆို ဆွေးနွေးကြစေရေး ဖွင့်ပေးရန် လုပ်ငန်း ဆောင်ရွက်ရာတွင် ခက်ခဲပင်ပန်းသော်လည်း ဝန်ထမ်းများအတူ ပျော်ရွှင်စွာဖြင့် လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ကြစေရန် ဝန်ထမ်းများအား ပြည်သူလူထုနှင့် ဆက်ဆံရာတွင် ယဉ်ကျေးပြေပြစ်စွာ ပြုမှုပြောဆို နေထိုင်ကြရန်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment