နေပြည်တော်
သြဂုတ် ၂၂
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမြင့်ထွေးသည် သြဂုတ် (၁၈) ရက်တွင် တရုတ်နိုင်ငံ၊ ပေကျင်းမြို့ အပြည်ပြည်ဆိုင်ရာ
ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသည့် Belt and Road High Level Meeting for Health
Cooperation: towards a Health Silk Road အစည်းအဝေးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အစည်းအဝေးဖွင့်ပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊
ဒုတိယဝန်ကြီးချုပ်မှ တက်ရောက် ဖွင့်လှစ်ပေးသည်။ အဆိုပါ အစည်းအဝေးသို့ မြန်မာ၊ တရုတ်၊
မွန်ဂိုလီးယား၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ရိုမေးနီးယားနိုင်ငံများမှ ကျန်းမာရေး ဝန်ကြီးများ၊
WHO နှင့် UNAIDS အဖွဲ့များမှ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ပါသည်။ ဖွင့်ပွဲတွင်
တက်ရောက် လာသော နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများက မိန့်ခွန်းများပြောကြားကြသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုကျင်းပသည့် အစည်းအဝေးသည် နိုင်ငံများ၏ ဒေသတွင်း
ကျန်းမာရေးဆိုင်ရာလုံခြုံမှု ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများအတွက် ပိုမိုထိရောက်စွာ
ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်နိုင်မည့် သဘောတူညီချက်များ ရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း၊
ပထမနေ့တွင် ဆွေးနွေးမည့် Vaccine
Safety, Maternal and Child Health and Nutrition: Key to Global Sustainable
Health Development, Co-construction and sharing, Technical Innovation-driven
Sustainable Health Development, New Road, New Ideas- “Belt and Road” Hospital
Cooperation တို့သည် အရေးကြီးသည့် လုပ်ငန်းများဖြစ်ပြီး ဒေသတွင်း နိုင်ငံများအကြား
ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နည်းလမ်းကောင်းများ ရရှိနိုင်မည်ဖြစ်သည့်အတွက် အရေးကြီးပါကြောင်း၊
မိမိနှင့်တကွ အစည်းအဝေးသို့ တက်ရောက် လာသူများမှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ဆွေးနွေးအကြံပြု
ကြမည်ဖြစ်ပါကြောင်း၊
ဒုတိယနေ့တွင် ဆွေးနွေးမည့်
International Accreditation and Supervision, International Investment and
Trade, Global Health Youth Leader and Exercise is Medicine ခေါင်းစဉ်များအနက်
Exercise is Medicine သည် ယခုလက်ရှိ အဖြစ်များလျက်ရှိသော ကူးစက်တတ်ခြင်းမရှိသည့် နာတာရှည်ရောဂါများအတွက်
အရေးကြီး သောခေါင်းစဉ်ဖြစ်သည့်အတွက် မိမိကိုယ်တိုင်တက်ရောက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း
ပြောကြားသည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် China Health Industry Expo ပြပွဲသို့
ကြည့်ရှုပြီး မိမိနိုင်ငံအခြေအနေနှင့် ကိုက်ညီမှုရှိမည့် စက်ပစ္စည်းများအား အသေးစိတ် လေ့လာ၍
ဆွေးနွေးသည်။
ပြည်ထောင်စုဝန်ကြီးသည် နေ့လည်ပိုင်းတွင်
Maternal and Child Health and Nutrition: Key to Global Sustainable Health
Development ခေါင်းစဉ်ဖြင့် ကျင်းပသည့် Thematic Session သို့ တက်ရောက်ခဲ့ပြီး ဆွေးနွေးသည်။
သြဂုတ်(၁၉) ရက် နံနက်ပိုင်းတွင်
Exercise is Medicine ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် စားပွဲဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးသည်။
ပြည်ထောင်စုဝန်ကြီးသည် တရုတ်နိုင်ငံ၊
ပေကျင်းမြို့သို့ ရောက်ရှိနေစဉ်အတွင်း သြဂုတ်(၁၈) ရက်နေ့ နေ့လည်ပိုင်း တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့
ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Dr. Tedros နှင့် တွေ့ဆုံ၍
- မြန်မာနိုင်ငံ၌
လက်ရှိဖြစ်ပွားလျက်ရှိသော H1N1 Seasonal Flu ဖြစ်ပွားမှု ကာကွယ်ကုသရေးဆိုင်ရာ ကိစ္စရပ်များတွင်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ လုပ်ငန်းများ
- ကမ္ဘာ့ကျန်းမာရေးညီလာခံမှ
ဆုံးဖြတ်ချက်များအား အဖွဲ့ဝင်နိုင်ငံများမှ အကောင်အထည်ဖော် ဆောင်ရွက် ရေးဆိုင်ရာကိစ္စရပ်များ
- ကမ္ဘာ့ကျန်းမာရေးအဖွဲ့
ဌာနေကိုယ်စားလှယ်များအား အရည်အသွေးပြည့်မီစွာ ရွေးချယ်ခန့်ထားနိုင်ရေး အတွက် ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ
- ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ
ဝန်ထမ်းများ၏ လက်ရှိတာဝန်ထမ်းဆောင်မှု လုပ်ငန်းများအား ပြန်လည်ဆန်းစစ်ရန် လုပ်ငန်းများ
- အဖွဲ့ဝင်နိုင်ငံများအတွက်
အကျိုးရှိစွာ ဆောင်ရွက်ပေးနိုင်ရေးဆိုင်ရာကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးသည်။
သြဂုတ်(၁၉)ရက် နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည်
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အစိုးရပိုင် SINOPHARM Logistic စင်တာသို့ သွားရောက်ကာ ကာကွယ်ဆေးများ
သိုလှောင်သိမ်းဆည်းထားရှိမှု၊ ဖြန့်ဖြူးပေးပို့ ဆောင်ရွက်နေမှုနှင့် Control စင်တာမှ
ကြီးကြပ်ဆောင်ရွက်နေမှုများအား လေ့လာခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:
Post a Comment