နေပြည်တော်၊
သြဂုတ် ၂၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ယနေ့နံနက် (၁၁) နာရီက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်
ပြည်ထောင်စုနိုင်ငံ သံအမတ်ကြီး မစ္စတာ စကော့ အလန် မာစီရယ်လ် နှင့်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏
ဧည့်ခန်းမ၌ တွေ့ဆုံ၍
အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) တို့
ပူးပေါင်းဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများနှင့် ဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်
စီမံကိန်း လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ လယ်ယာ၊ သား၊ ငါး ထုတ်လုပ်မှုကဏ္ဍတွင်
ရင်းနှီးမြုပ်နှံ ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ ရခိုင်နှင့် ချင်းပြည်နယ်များ၏
ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း
သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment