Wednesday, July 5, 2017

ပြည်ထောင်စု လွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း WFD ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ



နေပြည်တော်၊ ဇူလိုင် ၎
ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဗြိတိန် လွှတ်တော်မှ အကူအညီ ပေးရေးအဖွဲ့ဖြစ်သည့် WFD (Westminster Foundation for Democracy) ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာ ဆောင်အမှတ် (I-11) ၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ်ကော်မရှင်၏ လုပ်ငန်းတာဝန်များနှင့် ဆောင်ရွက်ချက်များ အပေါ် ရင်းနီး ပွင့်‌လင်းစွာ မေးမြန်းဆွေး‌နွေး‌ခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment