Wednesday, July 5, 2017

ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးနှင့် အဖွဲ့ မောင်တော မြောက်ပိုင်း ကျေးရွာများသို့ သွားရောက် လေ့လာ



မောင်တော ဇူလိုင် ၎
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ရောက်ရှိနေသည့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး Mr.Filippo Grandi နှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် မောင်တောခရိုင် မြောက်ပိုင်းရှိ ကျေးရွာများမှ ဒေသခံများနှင့် တွေ့ဆုံပြီး ဒေသတွင်း ဖြစ်ပေါ်နေသော အခြေအနေများကို လေ့လာခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မဟာမင်းကြီးနှင့် အဖွဲ့သည် အောင်ဇေယျ ကျေးရွာ မူလတန်းကျောင်း၌ ဒေသခံ တိုင်းရင်းသားများနှင့် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မဟာမင်းကြီးက ၄င်းတို့အဖွဲ့အနေဖြင့် ဒေသ အခြေအနေများကို လက်တွေ့ကျကျ သိရှိနိုင်ရန်နှင့် ကူညီပေးနိုင်သည့် ကိစ္စများကို ကူညီပေးရန် အတွက် လာရောက် ကူညီခြင်း ဖြစ်ပါကြာင်း၊ ဒေသခံ တိုင်းရင်းသားများ၏  စကားသံများကို ကြားသိ လိုပါကြောင်း ပြောကြားသည်။
ဒေသခံ တိုင်းရင်းသားများက ၄င်းတို့၏ အခက်အခဲများနှင့် ရင်ဆိုင် ကြုံတွေ့ နေသည်များကို ရှင်လင်း ပြောကြားကြသည်။
ဆက်လက်၍ ကျီးကန်းပြင် အနောက်ရွာ၌  ကျေးရွာသားများနှင့် တွေ့ဆုံသည်။
မဟာမင်းကြီးနှင့် အဖွဲ့သည် ညနေပိုင်းတွင် မောင်တောမြို့မှ ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာ သွားကြောင်း သိရသည်။
သတင်း- မြင့်မောင်စိုး၊ အောင်ကျော်ဦး
ဓာတ်ပုံ- သက္က

No comments:

Post a Comment