Sunday, July 30, 2017

ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A (H1N1) pdm 09) ဖြစ်ပွားမှုနှင့် ပတ်သက်၍ ကြိုတင် ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေ၊ ဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်း


ရန်ကုန် ဇူလိုင် ၃၀

ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A (H1N1) pdm09) ဖြစ်ပွားမှုနှင့် ပတ်သက်၍ ကြိုတင် ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကမ္ဘောဇအနာဂတ် အလင်းတန်း ဖောင်ဒေးရှင်း၊ SML Medical Centre နှင့် Okkar Thiri Co.Ltd တို့မှ တာဝန်ရှိသူများက ဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ လမ်းမတော် မြို့နယ်ရှိ ပြည်သူ့ကျန်းမာရေး တက္ကသိုလ်၌ ကျင်းပသည်။

အခမ်းအနားတွင် ကမ္ဘောဇအနာဂတ် အလင်းတန်းဖောင်ဒေးရှင်း၊ SML Medical Centre နှင့်  Okkar Thiri Co.Ltd တို့မှ တာဝန်ရှိသူများက အလှူငွေ၊ ဆေးနှင့် ဆေးပစ္စည်းများကို လှူဒါန်းကြရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ကုသရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာမြင့်ဟန်နှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်တို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်သည်။
ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လှူဒါန်းမှု အတွက် အထူး ကျေးဇူးတင်စကား  ပြောကြားသည်။
ယနေ့လှူဒါန်းပွဲတွင် ကမ္ဘောဇအနာဂတ် အလင်းတန်းဖောင်ဒေးရှင်းမှ အလှူငွေကျပ် (သိန်းငါးရာ) နှင့် ဆေးနှင့်ဆေးပစ္စည်းများ၊ SML Medical Centre မှ ရာသီတုပ်ကွေးရောဂါ ကာကွယ်ထိုးဆေး (၃၀၀၀) လုံး ၊ Okkar Thiri Co.Ltd မှ အမေရိကန်ဒေါ်လာ တစ်သိန်းခွဲ တန်ဖိုးရှိ ဆေးနှင့် ဆေးပစ္စည်း ကိရိယာများ လှူဒါန်းကြခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်) 

No comments:

Post a Comment