Thursday, July 27, 2017

ရာသီတုပ်ကွေးရောဂါ Seasonal Influenza A(H1N1) pdm09 ကြိုတင်ကာကွယ်ရေး အသိပညာပေးရှင်းလင်းခြင်း ဟားခါး၌ ကျင်းပ



ဟားခါး   ဇူလိုင်  ၂၇
ရာသီတုပ်ကွေးရောဂါ Seasonal Influenza A(H1N1) pdm09 ကြိုတင်ကာကွယ်ရေး အသိပညာပေးရှင်းလင်းခြင်းကို ဇူလိုင် ၂၇ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ဟားခါးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက အဖွင့်အမှာစကား ပြောကြားပြီး ဟားခါးဆေးရုံကြီးမှ လက်ထောက်ဆေးရုံအုပ် ဒေါက်တာဇော်မြင့်နိုင်က ရာသီတုပ်ကွေးရောဂါ Seasonal Influenza A(H1N1) pdm09 ကြိုတင် ကာကွယ်ရေးနှင့် ပတ်သက်၍ အသိပညာပေး ရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။
(ခရိုင် ပြန်/ဆက်)

No comments:

Post a Comment