Thursday, July 27, 2017

ကျား/မ အခြေပြု အကြမ်းဖက်ခြင်း ဆန်းစစ်မှုအစီရင်ခံစာ တင်ပြခြင်းနှင့် ညှိနှိုင်းဆွေးနွေးပွဲ လွိုင်ကော်မြို့၌ ပြုလုပ်



လွိုင်ကော်    ဇူလိုင် ၂၇
ကယားပြည်နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကုလသမဂ္ဂလူဦးရေရံပုံငွေအဖွဲ့ (UNFPA)တို့ ပူးပေါင်းကျင်းပသော                                        ကျား/မ အခြေပြု အကြမ်းဖက်ခြင်း ဆန်းစစ်မှု အစီရင်ခံစာ တင်ပြခြင်းနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ဇူလိုင်လ(၂၇)ရက်နေ့၊ နံနက်(၉)နာရီ အချိန်က လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ် အစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော် တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

ယင်းနောက် ကုလသမဂ္ဂလူဦးရေရံပုံငွေအဖွဲ့ (UNFPA) မှ GBV Analysist ဒေါက်တာ စုမွန်လတ်က ကျား/မ အခြေပြု အကြမ်းဖက်ခြင်း ဆိုင်ရာ အစီရင်ခံစာကို တင်ပြပြီး ဆွေးနွေးပွဲတက်ရောက်လာသူများက အဖွဲ့လိုက် ဆွေးနွေးကြသည်။
ထိုသို့ဆွေးနွေးရာတွင် ကျား/မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြံပြုချက်များကို အကောင်အထည်ဖော်ရန် လုပ်ဆောင်ပြီးသည့် အချက်များ၊ အစိုးရအဖွဲ့အစည်း၊ လူထုအဖွဲ့အစည်းနှင့် INGOs များ၏ အခန်းကဏ္ဍများနှင့် တာဝန်ယူမှုများ၊ အကြံပြုချက်များအား အကောင်အထည်ဖော်ရာတွင် ရရှိလာနိုင်သည့် အတားအဆီးများ၊ အခြားအကြံပြုချက်များရှိလျှင် ထည့်သွင်းစဉ်းစားပြီး မည်သို့အ ကောင်အထည်ဖော် နိုင်မည် စသည်တို့အား ဆွေးနွေးကြ၍ (UNFPA)မှ Ms. Janneke Bienert က Women and Girsl  First Initiative အကြောင်း ဆွေးနွေးတင်ပြပြီး ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးကြကြောင်း သတင်းရရှိသည်။
ပြည်နယ်ပြန်/ဆက်

No comments:

Post a Comment