Thursday, July 27, 2017

သင်္ဘောအလံတိုင်နှင့် မဟာဓာတ်အားလိုင်းကြိုး တိုက်မိ၍ လျှပ်စစ်မီး ပြတ်တောက်



 ရန်ကုန်    ဇူလိုင်   ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ယနေ့ နံနက် ၇ နာရီ မိနစ် ၃၀ အချိန်တွင် ရန်ကုန်မြစ်လယ်မှ ခနောင်တိုအရှေ့ရပ်ကွက်ရှိ ထွန်းရတနာသင်္ဘောလွန်းကျင်းသို့ လွန်းတင်ရန် ထွက်ခွာလာသည့် ရေယာဉ်မှူး ဦးမင်းသိန်း ကျွဲသတ်ကြီးကျေးရွာ သာယာဝတီမြို့နေသူ မောင်းနှင်သည့် အလျား ၂၄၀ ပေ အနံ ၅၆ ပေ စောက် ၁၆ ပေ ရေယာဉ်အမြင့် ၃၂ ပေ ကုန်တန်ချိန် ၁၆၄၃ တန် တင်ဆောင်သည့် ကမ်းရိုးတန်းသွား ကုန်တင်ရေယာဉ်သည် နံနက် ၈ နာရီ ၃၀ မိနစ် အချိန်တွင် လွန်းတင်ရန် ခနောင်တိုချောင်းအတိုင်း မောင်းနှင်လာစဉ် ခနောင်တိုချောင်းအကူး အမြင့်ပေ ၁၂၀ ရှိ တာဝါတိုင်နှင့် ဆက်သွယ်ထားသည့် လှိုင်သာယာမှ ၃၃၀၀၀ KV ဖြင့် ပို့လွှတ်သည့်
ဓာတ်အားလိုင်းကြိုးခြောက်ခုမှ အောက်နှစ်ကြိုးဖြစ်သည့် လှိုင်သာယာ - ဆိပ်ကြီးခနောင်တိုလိုင်းနှင့် လှိုင်သာယာ - ကွမ်းခြံကုန်းမဟာ ဓာတ်အားလိုင်းကြိုးနှစ်ကြိုးမှာ သင်္ဘောအလံတိုင်နှင့် တိုက်မိပြီး ပျက်ကျသွားခဲ့ရာ မြို့နယ်အတွင်း လျှပ်စစ်မီးပြတ်တောက်သွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်အား မြို့နယ်လျှပ်စစ်မန်နေဂျာရုံး တာဝန်ရှိသူမှ ရန်ကုန်လျှပ်စစ်ရုံးချုပ်သို့ ဆက်သွယ်အကြောင်းကြားထားပြီး အင်ဂျင်နီယာအဖွဲ့မှ လာရောက်ပြုပြင်နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်းနှင့် ဖြစ်စဉ်ကြောင့် ရေယာဉ်ပေါ် ပါရှိသည့် ရေယာဉ်မှူး အပါအဝင် ၁၆ ဦးမှာ ထိခိုက်မှုမရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment