Friday, July 7, 2017

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ကမ္ဘာ့ဘဏ်၏ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Ms. Ellen Goldstein နှင့်‌ အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် ဇူလိုင် ၆
 
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် ကမ္ဘာ့ဘဏ်၏ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Ms. Ellen Goldstein နှင့်‌အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ကျေးလက်နေ ပြည်သူများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်မီး ရရှိရေး၊ ပညာရေး၊ ကျန်းမာရေး၊ SME လုပ်ငန်းများ ဖွံ့ဖြိုးရေးတို့တွင် ကမ္ဘာ့ဘဏ်က အကူအညီများ ပေးနိုင်ရေးတို့နှင့်‌ စပ်လျဉ်း၍ ကမ္ဘာ့ဘဏ်နှင့်‌ မြန်မာနိုင်ငံတို့ အကြား ပူးပေါင်း ဆောင်ရွက်မှု ပိုမို မြှင့်‌တင်နိုင်ရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ 

(သတင်းစဉ်)

No comments:

Post a Comment