Friday, July 7, 2017

မြန်မာနိုင်ငံ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် တွေ့ဆုံဆွေးနွေး



နေပြည်တော်  ဇူလိုင် ၆
 
ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့မွန်းလွဲ ၁ နာရီတွင် နော်ဝေနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Borge Brende အား ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။


ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ထာဝရ ငြိမ်းချမ်းရေးအတွက် နိုင်ငံတော် အစိုးရနှင့် တပ်မတော်တို့က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဦးစားပေးလုပ်ဆောင် နေသည့် အခြေအနေ၊ နော်ဝေနိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် မြေမြှုပ်မိုင်း ရှင်းလင်းရေးတို့တွင် ပူးပေါင်း လုပ်ဆောင်နေမှု အခြေ အနေ၊ မြန်မာနိုင်ငံ အနောက်ပိုင်းရှိ ရခိုင်ပြည်နယ် အရေးကိစ္စတွင် နိုင်ငံသား စိစစ်မှုခံယူရန် လိုအပ်မှု အခြေအနေများအပေါ် ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

(သတင်းစဉ်)

No comments:

Post a Comment