Wednesday, July 12, 2017

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Jaroslav Dolecek နှင့် တွေ့ဆုံ


နေပြည်တော် ဇူလိုင် ၁၂
 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေးသည် မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Jaroslav Dolecek နှင့် ယနေ့ ညနေပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး မေခလာခန်းမ၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် သဘာဝဘေး ကြိုတင်ပြင်ဆင်ရေး၊ အသင့်အနေအထား ရှိရေးနှင့် ဘေးဒဏ် ကြံ့ကြံ့ခိုင်နိုင်သော လူမှု အဖွဲ့အစည်း ဖြစ်ပေါ်လာရေး ကြိုးပမ်း ဆောင်ရွက်နေမှုများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၏ အကူအညီ အထောက်အပံ့များ ထိရောက်စေရေးအတွက် နိုင်ငံတော်အစိုးရမှ ဖွံ့ဖြိုးမှု အကူအညီများ ညှိနှိုင်းဆောင် ရွက်ရေးအဖွဲ့ (DACU) ဖွဲ့စည်းဆောင်ရွက်မှု အခြေအနေနှင့် ချက်သမ္မတ နိုင်ငံနှင့် ဝန်ကြီးဌာန တို့ကြား ပူးပေါင်း ဆောင်ရွက်နိုင်မည့် ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

(သတင်းစဉ်)

No comments:

Post a Comment