Tuesday, July 25, 2017

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကာတာနိုင်ငံ သံအမတ်ကြီး H.E. Mr Hassan Bin Mohamed Rafei Al-Emadi အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇူလိုင် ၂၄
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ကာတာနိုင်ငံ သံအမတ်ကြီး H.E. Mr Hassan Bin Mohamed Rafei Al-Emadi အား ယနေ့မွန်းလွဲ ၂ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံဆိုင်ရာ ကိစ္စရပ်များနှင့် သတင်းမီဒီယာဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို ဆွေးနွေး ကြသည်။
တွေ့ဆုံပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဒုတိယအမြဲတမ်းအတွင်းဝန်တို့ တက်ရောက်ခဲ့ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment