Tuesday, July 25, 2017

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) နှင့် ကချင်ပြည်နယ်ငြိမ်းချမ်းရေး၊ NCA လက်မှတ်ရေးထိုးရေးနှင့် နေရပ်စွန့်ခွာ တိမ်းရှောင် နေကြ ရသူများနှင့်စပ်လျဉ်း၍ ဆွေးနွေး


နေပြည်တော် ဇူလိုင် ၂၄
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌနှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနအစည်းအဝေးခန်းမ၌  တွေ့ဆုံသည်။

ရှေးဦးစွာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကြိုဆို နှုတ်ခွန်းဆက် စကား ပြောကြားသည်။
ထို့နောက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ဥက္ကဋ္ဌ သိက္ခာတော်ရဆရာကြီး လလောက်ဂျုံးခေါင်က မိတ်ဆက် စကားပြောကြားပြီး တက်ရောက်လာကြသူများနှင့် မိတ်ဆက်ပေးသည်။
ဆက်လက်၍ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါက်တာ ခလမ်ဆမ်ဆွန်က ကချင်ပြည်နယ် ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် အခက်အခဲဖြစ်စေသည့် အခြေအနေများနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ အကြံပြုချက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသူများက ကချင်ပြည်နယ်ငြိမ်းချမ်းရေးနှင့် NCA လက်မှတ်ရေးထိုးရေး၊ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြသူများဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်ဥက္ကဋ္ဌ သိက္ခာတော်ရဆရာကြီး လလောက် ဂျုံးခေါင်နှင့် အဖွဲ့ဝင်များ အား အမှတ်တရလက်ဆောင်များ ပေးအပ်သည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကချင်နှစ်ခြင်းခရစ် ယာန်အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ အဖွဲ့ဝင် များနှင့် အတူ စုပေါင်း၍မှတ်တမ်းဓာတ်ပုံရိုက်ကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမင်းသူ၊ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်ဥက္ကဋ္ဌ သိက္ခာတော်ရဆရာကြီး လလောက်ဂျုံးခေါင်၊ သိက္ခာ တော်ရ ဆရာကြီး ဒေါက်တာခလမ်ဆမ်ဆွန်၊ သိက္ခာတော်ရဆရာ ခေါဘောမ်၊ သိက္ခာတော်ရ ဆရာ ဂွန်ထန် ခွန်နောင်၊ သိက္ခာတော်ရဆရာ လထော်ခွန်နောင်၊ သိက္ခာတော်ရ ဆရာ ဒေါင်ခေါင်၊ သိက္ခာတော်ရ ဆရာ ထွန်းနော်၊ သိက္ခာတော်ရဆရာ လဖိုင်ဇော်ရာ၊ သိက္ခာ တော်ရဆရာ မရန်ဇော်မန်၊ ဖော်ရမ်ခါးလီ၊ ဒေါ်ဂျာနန် တို့ တက်ရောက်ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment