Thursday, July 27, 2017

ညောင်တုန်းမြို့၌ H1N1 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရန် MASK (နှာခေါင်းစည်း) များကို အခမဲ့ ဝေငှပေး



 ညောင်တုန်း        ဇူလိုင်       ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့တွင် H1N1 ကူးစက်ရောဂါကြိုတင်ကာကွယ်ရန် MASK (နှာခေါင်းစည်း) များကို ဇွန်လ ၂၇ ရက် နေ့လည် ၁၂ နာရီ ၃၀ မိနစ်တွင် အခမဲ့ လိုက်လံ ဝေငှပေးခဲ့ကြောင်း သိရသည်။

ထို့သို့ MASK (နှာခေါင်းစည်း) များကို အခမဲ့ လိုက်လံဝေငှပေးရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့ ပူးပေါင်း အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား/ ကျောင်းသူများ၊ မြို့ပေါ်ရှိ သွားလာနေသော အများပြည်သူများကို အခမဲ့လိုက်လံဝေငှပေးခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment