Thursday, July 27, 2017

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီးအား တွေ့ဆုံ



နေပြည်တော် ဇူလိုင် ၂၇
 
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီး H.E Dr. Luan Thuy Duong အား ယနေ့ နံနက် ၁၀ နာရီ တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ ဧည့်ခန်းမ (၁) ၌ တွေ့ဆုံသည်။


တွေ့ဆုံစဉ် သြဂုတ်အတွင်း မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် စီးပွားရေးကဏ္ဍဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေး ထိုးနိုင်ရေး၊ ဗီယက်နမ် နိုင်ငံသို့ အရည်အသွေးမီ ပဲတီစိမ်းနှင့် ပြောင်း တင်ပို့နိုင်ရေးအတွက် လိုအပ်သည့် နည်းပညာရရှိရေး ပူးပေါင်း ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ နှစ်နိုင်ငံ ကုန်သွယ်မှု ပိုမိုဖွံ့ဖြိုးတိုးတက်ရေးနှင့် နှစ်စဉ် ကျင်းပလျက်ရှိသည့် နှစ်နိုင်ငံ ကုန်စည်ပြပွဲများ အပြန်အလှန် ကျင်းပနိုင်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။  

(သတင်းစဉ်)

No comments:

Post a Comment