Tuesday, July 11, 2017

GPS ကိုင်တွယ်အသုံးချခြင်း၊ Global Mapper နှင့် AreGIS SoftWare များ အသုံးပြု၍ မြေပုံထုတ်ခြင်းသင်တန်းဖွင့်လှစ်

နေပြည်တော် ဇူလိုင် ၁၁
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ အပြည်ပြည်ဆိုင်ရာ တောင်တန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (ICIMOD) နှင့် ကိုရီးယားသစ်တောဌာန (KFS) တို့ ပူးပေါင်းကျင်းပသည့် GPS ကိုင်တွယ် အသုံးချခြင်း၊ Global Mapper နှင့် AreGIS SoftWare များအသုံးပြု၍ မြေပုံထုတ်ခြင်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက သစ်တောသုတေသနဌာန၊ ရေဆင်း(စုဝေးခန်းမ)၌ ကျင်းပသည်။

သင်တန်းကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၏ သစ်တောကဏ္ဍ အဆင့်မြင့်နည်းပညာ အသုံးပြုမှုဆိုင်ရာ လုပ်ငန်းများတွင် လူငယ်မျိုးဆက်သစ်များ စွမ်းဆောင်ရည် တိုးတက်မြင့်မားလာ ရေး ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်သည်။
သင်တန်းတွင် GPS ကိုင်တွယ်အသုံးချခြင်း၊ Global Mapper နှင့် AreGIS SoftWare များ အသုံးပြု၍ မြေပုံထုတ်ခြင်း များအား ကျွမ်းကျင်ပညာရှင် သင်တန်းဆရာများက ဇူလိုင်လ ၁၁ ရက်နေ့မှ ၂၁ ရက်နေ့အထိ (၁၁)ရက်ကြာ စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးသွားမည် ဖြစ်သည်။
ယခုသင်တန်းမှ သင်ကြားပို့ချသည့် ပညာရပ်များဖြင့် မြန်မာနိုင်ငံ၏ သစ်တောသယံဇာတများ ဆန်းစစ်အကဲဖြတ်ခြင်း လုပ်ငန်းစဉ်များနှင့် သစ်တောကဏ္ဍအတွက် အကျိုးကျေးဇူးများ ရရှိစေမည့် RFDD+ လုပ်ငန်းစဉ်များတွင် RS/GIS နည်းပညာများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးလာစေပြီး စဉ်ဆက်မပြတ် သစ်တောစီမံ အုပ်ချုပ်ရေးအတွက် များစွာအထောက် အကူပြုနိုင် မည်ဖြစ်သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ သစ်တောဦးစီးဌာန၊  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော် တက်ရောက် အဖွင့်အမှာ စကားပြောကြားခဲ့ပြီး သစ်တောဦးစီးဌာနမှ ဌာနဆိုင်ရာ အရာရှိကြီးများ၊ သင်တန်းနည်းပြဆရာများ၊ သုတေသီများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သစ်တောဦးစီးဌာနမှ တောအုပ်ကြီးအဆင့် သင်တန်းသား၊ သင်တန်းသူ (၂၀) ဦး တက်ရောက်ခဲ့ကြသည်။

No comments:

Post a Comment