Wednesday, July 5, 2017

ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးခင်အေး GE International Inc အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊  ဇူလိုင်လ ၅ 
ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးခင်အေးနှင့် ကော်မတီအဖွဲ့ဝင်များ သည် GE International Inc အဖွဲ့အား ယနေ့ ညနေ ၄ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-7) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။


ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ဖွံ့ဖြိုးတိုးတက် စေရေးတို့တွင် လျှပ်စစ်စွမ်းအင်၏ အကျိုးသက်ရောက်မှုများ၊ ကျောက်မီးသွေးမှ လျှပ်စစ်စွမ်းအင် ထုတ်လုပ်မှုဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment