Wednesday, July 5, 2017

မြန်မာ-ဟောင်ကောင် စီးပွားရေးနှင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေး

နေပြည်တော်၊ ဇူလိုင် ၅
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် Hong Kong Myanmar Chamber of Commerce (HKMCC) မှ Founding Chairman, Mr. Albert Oung နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီခွဲ တွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ ဧည့်ခန်းမ(၁)၌ တွေ့ဆုံသည်။  

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟောင်ကောင်ဒေသအကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ကုန်စည်ပြပွဲများနှင့် ဆွေးနွေးပွဲများ အပြန်အလှန်ပူးတွဲကျင်းပနိုင်ရေး၊ ရန်ကုန်မြို့တွင် Myanmar Arbitration and Mediation Centre ဖြစ်ပေါ်လာရေး၊ Hong Kong Cyberport Group ၏အကူအညီဖြင့် ရန်ကုန်မြို့တွင် Myanmar Cyberport Project အကောင်အထည်ဖော် တည်ဆောက်ရေး၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်း အစီအစဉ်များ မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနှင့် ဟောင်ကောင်တွင် Business and Tourism Center များဖြစ်ပေါ်လာရေး၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် နှင့် Hong Kong Myanmar Chamber of Commerce တို့ ပူးပေါင်း၍  ရန်ကုန်နှင့်နေပြည်တော်တွင် EMBA အစီအစဉ်များ ပါဝင်သည့် သက်မွေးပညာရပ် သင်တန်းကျောင်းများ ထူထောင်ဖွင့်လှစ်ရေးတို့နှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment