Thursday, July 20, 2017

ကန်ကြီးထောင့် မြို့မဈေးအတွင်း ကြာရှည်ခံဆေးဝါး(ဖော်မလင်)များပါသော ပဲပြား၊ ပဲသွေးများ ရောင်းချမှု ရှိ-မရှိ ကွင်းဆင်းစိစစ်



ကန်ကြီးထောင့် ဇူလိုင် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ မိတ်ဖက်ဌာနများနှင့်အတူ ကန်ကြီးထောင့် မြို့မဈေးအတွင်း(ဖော်မလင်)များ ပါဝင်သောပဲပြား၊ ပဲသွေးများ ရောင်းချမှု မရှိစေရေးအတွက် ဇူလိုင်၂၀ရက်၊ နံနက်၉နာရီက ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရသည်။

ကန်ကြီးထောင့်နယ် စားသုံးသူရေးရာဦးစီးမှူးဦးအုန်းသိန်းမှ ဦးဆောင်၍ မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်၊ မြို့နယ်ပြန်/ဆက်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့နှင့်အတူ မြို့မဈေးအတွင်းရှိ ဟင်းသီး၊ဟင်းရွက်ဆိုင်များတွင် ကြာရှည်ခံဆေးဝါး(ဖော်မလင်)များ ပါဝင်သော ပဲပြား၊ပဲသွေးများ ရောင်းချမှုရှိ-မရှိကို တစ်ဆိုင်ချင်းစီ ကွင်းဆင်း စိစစ်ခဲ့ပြီး ပဲပြား၊ပဲသွေးများ ရောင်းချရာတွင် (ဖော်မလင်)များ ပါဝင်သော ပဲပြား၊ပဲသွေးများ မရောင်းချမိစေရန်နှင့် ပင်ရင်းဆိုင်မှ ပဲပြား၊ပဲသွေးများ ဝယ်ယူရာတွင် သေချာသတိထားဝယ်ယူကြရန်နှင့် ဝယ်ယူသည့် ပဲပြား၊ပဲသွေးများတွင်(ဖော်မလင်)ပါရှိသည်ဟု သံသယရှိပါက မြို့နယ်စားသုံးသူရေးရာဦးစီးဌာနသို့ ချက်ချင်းအကြောင်းကြားရန် ဈေးသည်များကို အသိပညာပေးဆွေနွေးပြောကြားခဲ့သည်။ ဆက်လက်၍ဈေးအတွင်းရှိကြက်ဥ၊ဘဲဥဆိုင်များတွင် ကြက်ဥ အတု၊ ဘဲဥ အတုများရောင်းချမှု ရှိ-မရှိကိုလည်း စိစစ်ခဲ့ပြီး အသိပညာပေး ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နန်းထိုက် (ပြန်/ဆက်)

No comments:

Post a Comment