Tuesday, July 11, 2017

ကမ္ဘောဒီးယားနိုင်ငံ ဝါရင့်ဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နေပြည်တော်အတွင်း ကြည့်ရှုလေ့လာ

နေပြည်တော် ဇူလိုင် ၁၁
မြန်မာနိုင်ငံ၌ တရားဝင်ခရီးရောက်ရှိနေသော ကမ္ဘောဒီးယားနိုင်ငံ ဝါရင့်ဝန်ကြီး နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ ပရတ်ဆုတ်ခွန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မွန်းလွဲ ၁နာရီ ၁၅မိနစ်တွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုသည်။

ဧည့်သည်တော် ကမ္ဘောဒီးယားနိုင်ငံ ဝါရင့်ဝန်ကြီးနှင့် အဖွဲ့သည် ဥပ္ပါတ သန္တိစေတီတော်နှင့် လှိုဏ်တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များအား လှည့်လည် ဖူးမြော်ကြည်ညိုကြပြီး  ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်ကြကာ ဧည့်သည်တော် မှတ်တမ်း စာအုပ်တွင် လက်မှတ် ရေးထိုး၍ အလှူတော်ငွေများ ပေးအပ်လှူဒါန်းသည်။
ယင်းနောက် ဥပ္ပါတသန္တိ စေတီတော် အရှေ့ဘက်မုခ် ရတနာဆင်ဖြူတော် ဆောင်ရှိ ရတနာဆင်ဖြူတော်များအား ကြည့်ရှု လေ့လာကြသည်။
ထို့နောက် အမျိုးသားပြတိုက်သို့ရောက်ရှိပြီး ပြခန်းများအား လှည့်လည်ကြည့်ရှုကြသည်။ ထိုမှတဆင့် မြန်မာ့ကျောက်မျက် ရတနာပြတိုက်သို့ ရောက်ရှိပြီး ကျောက်မျက်ရတနာပြတိုက် အရောင်းခန်းမအတွင်းရှိ ပြခန်းများ၊ မြန်မာ့ကျောက်မျက် ရတနာများ၊ ပုလဲနှင့် ကျောက်စိမ်းလက်ဝတ်ရတနာများကို လှည့်လည်ကြည့်ရှုကြသည်။

(သတင်းစဉ်)

No comments:

Post a Comment