Tuesday, July 11, 2017

မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား အိန္ဒိယတပ်မတော်၊ အမှတ်(၁၁)တပ်မမှူးက ဂုဏ်ပြုညစာဖြင့် ဧည့်ခံ

နေပြည်တော် ဇူလိုင် ၁၁
အိန္ဒိယသမ္မတနိုင်ငံ၊ အာမက်ဒါဘတ်မြို့၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့အား ဇူလိုင် ၁၀ ရက်ညပိုင်းတွင် အမှတ်(၁၁)တပ်မမှူး Maj. Gen. ANIL PURI က ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား ဖျော်ဖြေရေး အဖွဲ့များက ရိုးရာအကများဖြင့် ကပြ ဖျော်ဖြေကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မစစ်တီးဝိုင်းအဖွဲ့အားလည်းကောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီးက ဖျော်ဖြေရေးအဖွဲ့များအားလည်ကောင်း လက်ဆောင်နှင့်ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် အမှတ်(၁၁)တပ်မမှူးမှ တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာအား အတူတကွသုံးဆောင်ကြသည်။

(သတင်းစဉ်) 

No comments:

Post a Comment