Thursday, July 20, 2017

နွားထိုးကြီးမြို့နယ်တွင် စာဖက်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်



နွားထိုးကြီး    ဇူလိုင်          ၂၀
နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အသိပညာ အတက်ပညာ တိုးတက်စေရန်အတွက် စာဖက်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် နယ်လှည့် စာကြည့်တိုက်ဖွင့်လှစ်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၂၀ ရက်နေ့ နံနက်က လက်ပန်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံ-၃ ဦးမြင့်ဆွေက စာပေဖက်ရှုရခြင်းအားဖြင့် ရရှိလာမည့် အကျိုးကျေးဇူးအကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ကျောင်းစာတွင်သာမက ကျောင်းပြင်ပစာပေဗဟုသုတ များရရှိစေခြင်း၊ အသိပညာအတက်ပညာများတိုးပွားစေရန် ရည်ရွယ်ပြီး နယ်လှည့် စာကြည့်တိုက် ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ လက်ပန်ကျေးရွာအခြေခံပညာ အလယ်တန်းကျောင်းစာကြည့်တိုက်တွင် အသုံးပြုရန် အတွက် စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် ဆရာ၊ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့်စာအုပ်စာစောင်များကို လေ့လာဖက်ရှုခဲ့ကြောင်း သိရသည်။
သန်းအောင်ဇော်

No comments:

Post a Comment