Thursday, July 20, 2017

ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်း၌ အသိပညာပေး ရှင်းလင်းဆွေးနွေး



တာချီလိတ်   ဇူလိုင်  ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန်ကျေးရွာရှိ ပြည်သူ့စစ်စခန်း၌ ဖွင့်လှစ်ထားရှိသော ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်းတွင်  လူ့မှုစီးပွား  ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း၊ နံရံကပ်ဓာတ်ပုံများပြသခြင်းနှင့် စာအုပ်စာစောင်များဖတ်ရှုနိုင်ရေး ပြသပေးခြင်းကို ဇူလိုင်လ ၂၀ ရက်၊ နံနက် ၉ နာရီက  ပြုလုပ်ခဲ့ကြောင်း သိရသည်။                            
       
သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ  ဦးလှဌေးက  စာပေ လေ့လာဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးပွားရရှိကာ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း အသိ ပညာပေး ရှင်းလင်းဆွေးနွေးသည်။ ထို့နောက်  ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး နှင့် မွေးမြူရေးဆိုင်ရာ သိကောင်းစရာများ ပါဝင်သည့် စာအုပ်စာစောင်များ လေ့လာဖတ်ရှုနိုင်ရေး ပြသပေးခြင်း ၊ အသိပညာပေး နံရံကပ် ဓာတ်ပုံပြဘုတ်များ  ပြသပေးရာ  သင်တန်းသားများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုမှတ်သားကြကြောင်း သိရသည်။                        
အဆိုပါသင်တန်းအား ခရိုင်နှင့် မြို့နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့်      မြန်မာနိုင်ငံရဲတပ်ဖွဲ့၊  ကုသရေးဦးစီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ မူးယစ်တပ်ဖွဲ့စု (၃၀) တာချီလိတ်၊ MANA နှင့် မိုင်းကိုးပြည်သူ့စစ်အဖွဲ့တို့က ပူးပေါင်းဖွင့်လှစ်ခြင်း ဖြစ်ရာ  တာချီလိတ်၊ တာလေ၊ မိုင်းဖြတ် နှင့်  ကျိုင်းတုံမြို့နယ်များမှ မူးယစ်ဆေးဖြတ် သင်တန်းသား (၅၇)ဦး တက်ရောက်လျက်ရှိပြီး၊ ဇူလိုင်လ ၁၀ ရက်နေ့မှ သြဂုတ်လ ၁၃ ရက်နေ့အထိ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက နေ့စဉ် သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်

No comments:

Post a Comment