Tuesday, July 25, 2017

မဒေါက်မြို့စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် ဆက်လက် မြင့်တက်၍ အရေးပေါ်ကယ်ဆယ်ရေးစခန်းများ ပြင်ဆင်ထားရှိ




မဒေါက်  ဇူလိုင် ၂၄
မဒေါက်မြို့စစ်တောင်းမြစ်ရေသည် ဇူလိုင် ၂၄ ရက်နေ့ မွန်းလွဲ ၁၂နာရီ ၃၀ မိနစ်အချိန်တွင် တိုင်းတာချက်အရ     ၁၁၅၂ စင်တီမီတာ သို့ ရောက်ရှိနေပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ် ၁၀၇၀ စင်တီမီတာ အထက် ၈၂ စင်တီမီတာ ကျော်လွန်ကာ ဆက်လက်မြင့်တက်လျက်ရှိပြီး အရေးပေါ်ကယ်ဆယ်ရေးစခန်းများ ပြင်ဆင်ထားရှိကြောင်း သိရသည်။

အဆိုပါစစ်တောင်းမြစ်ရေသည် ဆက်လက်မြင့်တက်လျက်ရှိရာ ယင်းမြို့၏ အနိမ့်ပိုင်း နေရာများနှင့် ဈေးမြောက်ဘက်လမ်းမှတဆင့် စည်ပင်သာယာဈေးအတွင်းမြစ်ရေများ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ အဆိုပါမြစ်ရေသည်  ဆက်လက်မြင့်တက်လာပါက ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ရန် ပြင်ဆင်ထားပြီးဖြစ် ကြောင်း၊ မြို့မ ၁ ရပ်ကွက်တွင် တိုင်တရာကျောင်း နှင့် အင်းချောင်ကျောင်း၊  မြို့မ ၂ရပ်ကွက်တွင် တံခွန်တိုင်ကျောင်း နှင့် သာသနာ့ဝံသကျောင်း စုစုပေါင်း ဘုန်းကြီးကျောင်း လေးခုကို ကယ်ဆယ်ရေး စခန်းများ အဖြစ် ဆောင်ရွက်ထားရှိကြောင်း၊ စာရင်းကောက်ယူရေးအဖွဲ့၊ နေချထားရေးအဖွဲ့၊ ပစ္စည်းဝေခြမ်းရေး အဖွဲ့များကို တစ်ဖွဲ့လျှင် ရာအိမ်မှူး အဖွဲ့ခေါင်းဆောင်၍ အဖွဲ့ဝင် လေးဦးစီဖြင့် ဆောင်ရွက်ထားကြောင်း၊ ကယ်ဆယ်ရေးစခန်း စဖွင့်လျှင် ကြမ်းနဲ့ရေထိပြီး အိပ်မရ၊ နေမရသည့်အိမ်များကို ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့အုပ်ချုပ်ရေးမှူး     ဦးနေဇာမျိုး၏ ပြောကြားချက်အရ သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment