Tuesday, July 25, 2017

မြစ်သာမြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်ကြိုတင်ဖျက်သိမ်းရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စုတို့အား အိမ်ဆောက် ပစ္စည်းဖိုးငွေနှင့် လူအသုံးအဆောင်ပစ္စည်းများ ထောက်ပံ့



ကလေး     ဇူလိုင်      ၂၄
ကလေးမြို့နယ် တောင်ဦးကျေးရွာ၌ ဇူလိုင် ၂၁ရက်နေ့က မြစ်သာမြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ် ကြိုတင်ဖျက်သိမ်းရွှေ့ ပြောင်းခဲ့ရသော အိမ်ခြေနှစ်လုံး၊ အိမ်ထောင်စုနှစ်စု၊ လူဦးရေ ကိုးဦးတို့အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကလေးခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းဖိုးငွေနှင့် လူအသုံးအဆောင်ပစ္စည်းများကို ဇူလိုင် ၂၄ ရက် ညနေပိုင်းက ကလေးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်း၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ထောက်ပံ့ပေးအပ်ရာတွင် တစ်အိမ်ထောင်လျှင် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် တစ်သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် နှစ်သိန်း၊ ဆန်ရိက္ခာဖိုး ခုနစ်ရက်စာ လူကိုးဦးတို့အတွက် စုစုပေါင်းငွေ ၁၈၉၀၀ ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း ၁၀ မျိုး ဖြစ်သည့် အမျိုးသားဝတ် လုံချည် တစ်ထည်၊ အမျိုးသမီးဝတ် လုံချည် တစ်ထည်၊ စောင် တစ်ထည်၊ ဒန်အိုးတစ်လုံး၊ ဇလုံတစ်လုံး၊ ရေချိုးသန်ဘက် တစ်ထည်၊ တီရှပ် နှစ်ထည်၊ ဆပ်ပြာတစ်ထောင့်၊ ခြင်ထောင် တစ်လုံး၊ လေးထောင့်ပလပ်စတစ်ပုံးတစ်လုံးပါဝင်သောပစ္စည်း နှစ်အိမ်ထောင်စာတို့အား မြို့ နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဝေလွင်ဖြိုးနှင့် ခရိုင်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမြတ်ဇော်ထွန်းတို့ က ရွှေ့ပြောင်းပြည်သူများထံသို့  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း  သတင်းရရှိသည်။
ခရိုင်ပြန်/ဆက်

No comments:

Post a Comment