Tuesday, July 25, 2017

ညောင်လေးပင်မြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် မိုးစပါး ဧက ၁၉၀၀၀ကျော် ရေနစ်မြုပ်ကာ ကျောင်းအချို့ ခေတ္တ ပိတ်ထားရ



ညောင်လေးပင် ဇူလိုင် ၂၄
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၌ မိုးများ အဆက်မပြတ်ရွာသွန်းနေပြီး စစ်တောင်းမြစ်ရေလျှံခြင်းနှင့် ချောင်းမြောင်းများ ရေလျှံခြင်းတို့ကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ ဇူလိုင် ၂၄ ရက်နေ့တွင် မိုးစပါးစိုက် ဧက ၁၉၀၀၀ကျော် ရေနစ်မြုပ်နေပြီး စာသင်ကျောင်း (၁၀) ကျောင်း ယာယီ ပိတ်ထားကြောင်း သိရသည်။

ယင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၁၇ အုပ်စုတွင် တောင်သူ ၂၆၅၀ ဦး စိုက်ပျိုးထားသော မိုးစပါးသီးနှံ ဧက ၁၉၀၅၁ ဧက ရေနစ်မြုပ်လျက်ရှိပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖြစ်သော ညောင်လေးပင် (အထက -၂) ကျောင်း၊ ထူပါရိပ်ငြိမ်(မူလွန်) ကျောင်း၊ ဆိုင်ကွ (မူလွန်) ကျောင်း၊ ရွှေပေါက်ကံ လ(ခွဲ)ကျောင်း၊ ပိန်းဇလုပ် လ(ခွဲ)ကျောင်း၊ အေဘီအမ်(မူလွန်) ကျောင်း၊ ဥတိုတာတွင်း မ(ခွဲ)ကျောင်း၊ ကျောက်ပုံရွာဟောင်း မ(ခွဲ)ကျောင်း၊ ပလာချောင်းသစ် (အမက) ကျောင်းနှင့်ရေဖြူကန် လ( ခွဲ)ကျောင်းများ ယာယီပိတ်ထားကြောင်း  သတင်းရရှိသည်။
(မြို့နယ်ပြန်/ဆက်)

No comments:

Post a Comment