Tuesday, July 11, 2017

မောင်​​တော​မြောက်​ပိုင်း ကြိမ်​​ချောင်း ဈေးရောင်းဝယ်ဖောက်ကားစည်ကားလျှက်ရှိ

`
မောင်​​တော ဇူလိုင် ၁၁
မောင်​​တောမြို့နယ်အုပ်ချုပ်​​ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများသည်နေ့နံနက်ပိုင်းတွင် မောင်​​တောမြောက်ပိုင်း ကြိမ်​​ချောင်းကျေးရွာဈေးသို့ သွားရောက်ကြည့်ရှု စစ်​​ဆေးကြသည်

အဆိုပါဈေးကြီးသည်​​ မောင်​​တောမြောက်ပိုင်းတွင် အကြီးဆုံးဈေးကြီးဖြစ်ပြီး ကြိမ်ချောင်းကျေးရွာနှင့်အနီးရှိ ကျေးရွာများမှ လာရောက်​​ရောင်းဝယ်​​ ဖောက်ကားကြသည့် အစည်းကားဆုံးဈေးကြီးလည်းဖြစ်သည်။ အထူးသဖြင် ဒေသထွက်အသီးအနှံ များ၊ သားငါးများ၊ လယ်ယာလုပ်ငန်းသုံးပစ္စည်းများ၊ ငါးပိငါးခြောက်များ၊ ဆေးဝါးများစုံလင်စွာ ရောင်းဝယ်​​ဖောက်ကားလျက်ရှိသည်ကို တွေ့ရသည်
မောင်​​တောမြောက်ပိုင်း ကြိမ်​​ချောင်ဈေးကြီးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်​​တောင်ပြိုလက်ဝဲနှင့် ဗန္ဓုလသို့ သွားရာလမ်း ဆုံနေရာလည်းဖြစ်၍ လူစည်ကားရာဒေသ တစ်ခုလည်းဖြစ်သည်။ ကြိမ်​​ချောင်းတွင် အထက်တန်ကျောင်းနှင့် ကျန်းမာရေးဆေးပေးခန်းလည်းရှိသည်
မြို့နယ်တာဝန်ရှိသူများက ဈေးကြီးသန့်ရှင်းသပ်ရပ်​​ရေး၊ စည်းကမ်းတကျရောင်းဝယ်​​ဖောက်ကားရေးတို့နှင့် စပ်လျဉ်း၍ တာဝန်ရှိသူများအား မှာကြားခဲ့ကြသည်
ထို့ပြင် ဈေးအနောက်ဘက်ရှိ ပြူးမချောင်ရေတိုက်စားမှုကြောင် နေအိမ်များ ပြိုကျလျက်ရှိသည်ကို သွားရောက်ကြည့်ရှုစစ်​​ဆေးခဲ့သည်။ ယခုအချိန်အထိ ရေတိုက်စားမှုကြောင် နေအိမ် ၁၇ လုံး ဘေးလွတ်ရာသို့ရွှေ့ပြောင်းထားရကြောင်း ကြိမ်​​ချောင်း အုပ်ချုပ်​​ရေးမှူး ဦးကိုကိုအောင်က ပြောသည်
မြို့နယ်တာဝန်ရှိသူများသည်​​ ရေတိုက်စားမှုကာကွယ်​​ရေး၊ နေအိမ်များဘေးကင်းလုံခြုံစွာ ရွှေ့ပြောင်းနိုင်​​ရေးတို့အတွက်​​ ဒေသတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်း စပ်​​ဆောင်ရွက်​​ပေးခဲ့ကြောင်း သိရသည်
သတင်း - မြင်မောင်စိုး၊ အောင်​​ကျော်ဦး

ဓာတ်ပုံသက္က

No comments:

Post a Comment