Wednesday, July 12, 2017

ပြည်ပ သတင်းမီဒီယာ အဖွဲ့များ မောင်တောဒေသသို့ သတင်းရယူရန် ထွက်ခွာ


စစ်တွေ ဇူလိုင် ၁၂
 
ပြည်ပမီဒီယာများ ပါဝင်သည့် သတင်းအဖွဲ့သည် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ် နေသော အရေး ကိစ္စများအား သတင်း ရယူနိုင်ရန်အတွက် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် စစ်တွေမြို့သို့ ထွက်ခွာသွားကြသည်။

ရခိုင်ပြည်နယ် မောင်တောဒေသတွင် ၂၀၁၆ ခုနှစ် အောက်တိုဘာလ အတွင်းက ဖြစ်ပွားခဲ့သည့်     အကြမ်းဖက် စီးနင်းတိုက်ခိုက်မှု ဖြစ်စဉ်နောက်ပိုင်း နောက်ဆက်တွဲ သတင်းများရယူရန် ပြန်ကြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ ဦးဆောင်သော ပြည်ပ မီဒီယာများ ပါဝင်သော သတင်းအဖွဲ့သည်  ဇူလိုင် ၁၂ ရက်မှ ၁၆ ရက် အထိ သွားရောက် သတင်းရယူကြမည် ဖြစ်သည်။    
       
အဆိုပါ အဖွဲ့တွင် အေအက်ဖ်ပီ၊ နစ်ကေး၊ ဗွီအိုအေ၊ ကျိုဒိုနယူးစ်၊ ဆင်ဟွာ၊ အေပီ၊ ဖရန်တီးယား မြန်မာ၊ စီအင်န်အေ၊ တီဗွီအဆာဟိ၊ အာအက်ဖ်အေ၊ အေဘီစီ၊ ဘီဘီစီ၊ အင်န်အိတ်ခ်ျကေ၊ ရိုက်တာ၊ မြန်မာ အင်တာနေရှင်နယ် တီဗွီ၊ မြန်မာ့သတင်းစဉ် တို့မှ သတင်းမီဒီယာ ၁၉ ဦး ပါဝင်သည်။       

ပြည်တွင်းပြည်ပ မီဒီယာများ အနေဖြင့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်မှ ၂၂ ရက် အထိ ပထမ အကြိမ်နှင့် မတ် ၂၈ ရက်မှ ဧပြီ ၁ ရက်အထိ ဒုတိယအကြိမ် ရခိုင် ပြည်နယ် မောင်တောဒေသသို့ သွားရောက် သတင်းရယူခဲ့ကြပြီး ယခုအကြိမ်သည် တတိယအကြိမ် ဖြစ်သည်။

(သတင်းစဉ်)

No comments:

Post a Comment