Tuesday, July 11, 2017

ငြိမ်းချမ်းရေး ဂီတပွဲတော်တွင် ယှဉ်ပြိုင်သီဆိုမည့်သူများ လျှောက်လွှာထုတ်ယူနိုင်

နေပြည်တော် ဇူလိုင် ၁၁
နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်မှုများကို ပြည်သူများသိရှိပြီး တစ်ထောင့်တစ်နေရာမှ ပူးပေါင်းပါဝင် ဆောင်ရွက်လာစေရန် ရည်ရွယ်၍ ငြိမ်းချမ်းရေး ဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲကို ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူး၍ ကျင်းပလျက်ရှိသည်။

ဒေသအလိုက် ပထမဦးဆုံး ပွဲစဉ်များကို ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ မြို့တော်ခန်းမ၌ စတင်ကျင်းပခဲ့ပြီး ပထမအဆင့် နောက်ဆုံးပြိုင်ပွဲအား ဇူလိုင် ၉ ရက် ည ၈ နာရီခွဲတွင် ကျင်းပရာ စကာတင်ရွေးချယ်ထားသည့် ပြိုင်ပွဲဝင် (၁၀)ဦး ယှဉ်ပြိုင် သီဆိုခဲ့သည့်အနက် (၃)ဦးအား နောက်တစ်ဆင့်ပြိုင်ပွဲအတွက် ယှဉ်ပြိုင်ရန် ရွေးချယ်နိုင်ခဲ့သည်။
ပထမအဆင့် ငြိမ်းချမ်းရေးဂီတပွဲတော်ကို တောင်ကြီးမြို့၊ မြစ်ကြီးနားမြို့၊ မော်လမြိုင်မြို့၊ လားရှိုးမြို့၊ ပုသိမ်မြို့၊ ကလေးမြို့၊ ရန်ကုန်မြို့၊ စစ်တွေမြို့၊ နေပြည်တော်နှင့် မန္တလေးမြို့တို့တွင် ကျင်းပရန်လျာထားခဲ့သော်လည်း ယခုအခါ ကရင် ပြည်နယ်၊ ဘားအံမြို့၌ သီဆိုမည့်သူ များပြားလာသည့်အတွက် မူလ (၁၀) မြို့အပြင် ဘားအံမြို့တွင်လည်း တိုးချဲ့ကျင်းပသွားမည် ဖြစ်ကြောင်းနှင့် ၎င်းအတွက် လျှောက်လွှာများကို ဘားအံမြို့၊ ကော့ကရိတ်မြို့၊ လှိုင်းဘွဲ့မြို့နှင့် မြ၀တီမြို့တို့ရှိ ပြန်/ဆက်ရုံး များ၌ ဇူလိုင် လ ၁၃ ရက်မှစပြီး ထုတ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment