Thursday, July 27, 2017

အခြေခံတိုင်းရင်းဆေးသင်တန်း ရှပ်ပုံကျေးရွာ၌ ဖွင့်လှစ်



ပုလော    ဇူလိုင်   ၂၆
ပုလောမြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းက ကြီးမှူးကျင်းပသော အခြေခံတိုင်းရင်းဆေး သင်တန်းဖွင့်ပွဲကို ဇူလိုင်လ ၂၆ ရက်နေ့ နံနက် () နာရီ အချိန်က ပုလောမြို့နယ် ရှပ်ပုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲတွင် ပုလော မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးထင်က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ် တိုင်းရင်းဆေးမှူး ဦးမိုးဆွေးဦးက တိုင်းရင်းဆေးပညာ စနစ်တကျ ထွန်းကား ပြန့်ပွားရန်နှင့် နှုန်းမီ စံကိုက် ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်သူလူထုအတွင်း တိုင်းရင်းဆေးပညာ စိမ့်ဝင်ပြန့် နှံစေရန် ရည်ရွယ်၍ သင်ကြားခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ပုလော မြို့နယ် မိခင်နှင့် ကလေးစောင့် ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်အေးမြတ်ရီက အိမ်ရှင်မများက တိုင်းရင်းဆေးပညာဖြင့် မိသားစု ကျန်းမာရေး စောင့်ရှောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်နှင့် အဓိက ဆေးဖက်ဝင်သော အပင်များကို သိရှိ စိုက်ပျိုးစေခြင်းအားဖြင့် မိသားစု ကျန်းမာရေးကို အထောက်အကူ ဖြစ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် သင်တန်းနည်းပြ()ဦးက နယကြီးလေးပါး၊ ဆေးဖက်ဝင်အပင်များနှင့် ဆေးအသုံးပြုပုံ၊ မီးဖိုချောင်သုံး ဆေးဖက်ဝင်အပင်များနှင့် ဆေးအသုံးပြုပုံ စသည့် ဆေးပညာဆိုင်ရာ သိမှတ်ဖွယ်ရာ အထွေထွေ ဗဟုသုတ များကို သင်ကြားပို့ချသွားမည်ဖြစ်ပြီး၊ ရှပ်ပုံကျေးရွာအုပ်စုရှိ ရှပ်ပုံ၊ တံမျှား၊ ရေချို ပြင်းငယ်၊ မီးလောင်အော် စသည့် ကျေးရွာများမှ သင်တန်းသူ () ဦး တက်ရောက်ခဲ့ကြကြောင်းနှင့် သင်တန်း ကာလကို ဇူလိုင်လ (၂၆) ရက်နေ့  နံနက် (၁ဝ) နာရီမှ ညနေ() နာရီ ၃၀ မိနစ်အထိ ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။
ပုလော ပြန်/ဆက်

No comments:

Post a Comment