ရန်ကုန်
ဇူလိုင် ၂၆
ရန်ကုန်အရှေ့ပိုင်းခရိုင်၊
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၃၅) ရပ်ကွက်တွင် သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်
နှိမ်နင်းရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်စည်ပင်သာယာရေးနှင့်
မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့က ပူးပေါင်း၍ ဇူလိုင် ၂၆ နံနက် ၇ နာရီက
စည်ပင်ကျန်းမာရေး
ဦးဇော်လုချောနှင့် စည်ပင်သာယာ ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန သူနာပြုဆရာမ
အဆင့်(၁) ဒေါ်အုန်းမြင့်နှင့် သူနာပြု ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ (၃၅)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးဇောကျော်အောင်နှင့် အဖွဲ့ဝင်များ၊
အမျိုးသမီးရေးရာအဖွဲ့၊ ဒေါ်သန်းညွန့်နှင့် အဖွဲ့ဝင်များတို့သည် (၃၅)ရပ်ကွက်အတွင်းရှိ
နေအိမ်များအား ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ခြင်ဆေးမှုတ်ခြင်း၊
ရေစည်၊ ကျောက်စည်၊ အုတ်ရေကန်များအတွင်း အဘိတ်ဆေးခပ်ခြင်း၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း
လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)

No comments:
Post a Comment