Monday, July 10, 2017

မင်းပြားမြို့နယ်အတွင်း “မိုရာ” မုန်တိုင်းကြောင့် ပျက်စီးခဲ့သော လူနေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်းများအတွက် ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်



မင်းပြား       ဇူလိုင် ၁၀
ရခိုင်ပြည်နယ် မင်းပြား မြို့နယ်အတွင်း “မိုရာ” မုန်တိုင်းကြောင့် ပျက်စီးခဲ့သော နေအိမ်များနှင့်  ဘုန်းတော်ကြီးကျောင်းများအတွက် ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင်လ ၁၀ ရက်နေ့ နံနက်(၉) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

“မိုရာ” မုန်တိုင်းတိုက်ခတ်မှုကြောင့် မင်းပြားမြို့နယ်အတွင်း  လုံးဝပျက်စီးသွားသော သွပ်မိုး/ပျဉ်ကာ လူနေအိမ်(၈) လုံး ၊ တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသော သွပ်မိုး/ပျဉ်ကာ လူနေအိမ် (၄၄) လုံး ၊ လုံးဝပျက်စီးသွားသော ဓနိမိုး/ဝါးကာ လူနေအိမ် (၆၂) လုံး ၊ တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသော  ဓနိမို/ဝါးကာ လူနေအိမ် (၂၇၄) လုံး ၊ လုံးဝပျက်စီးသွားသော သွပ်မိုး/ပျဉ်ကာ ဘုန်းတော်ကြီးကျောင်း (၁)ကျောင်း ၊ တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသော သွပ်မိုး/ပျဉ်ကာ ဘုန်းတော်ကြီး (၅) ကျောင်း အတွက် မြောက်ဦးခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နန်းမိုးနွယ်က မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးမိုးထွန်း ထံသို့ စုစုပေါင်း ထောက်ပံ့ငွေ (၁၅၆၄၀၀၀၀) ကျပ်အား  လွှဲပြောင်းပြီး ပြည်သူများသို့ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment