Monday, July 10, 2017

စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းများသို့ အသေးစား အရင်းအနှီးချေးငွေနှင့် လယ်ယာသုံး စက်ကရိယာများ ပေးအပ်ပွဲကျင်းပ



ချောင်းဦး      ဇူလိုင်     ၁ဝ
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေး ထုတ်လုပ်ရေး သမဝါယမအသင်းများသို့ အသေးစားအရင်းအနှီးချေးငွေနှင့် လယ်ယာသုံး စက်ကိရိယာများ ပေးအပ်ပွဲကို မုံရွာခရိုင်၊ ချောင်းဦးမြို့ သမ၀ါယမအသင်းစုရုံးတွင် ဇူလိုင်လ (၉)ရက်နေ့ နံနက်(၁၁)နာရီက ကျင်းပခဲ့ရာ တိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံ၊ ဗဟိုသမဝါယမအသင်းဥက္ကဌ ဦးခင်မောင်အေး၊ သမဝါယမဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်မှ အမှုဆောင်များ၊ တိုင်းဒေသကြီးအတွင်းရှိ သမဝါယမအသင်းများမှ အသင်းသားများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ၊ ဗဟိုသမဝါယမအသင်းဥက္ကဌ ၊ သမဝါယမ ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးအောင်ဖြူတို့က အမှာစကားပြောကြားပြီး တိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးက ရွှေဘို၊ မုံရွာ၊ ကန့်ဘလူ၊ ကလေး၊ မော်လိုက် တို့ရှိ သမဝါယမအသင်းများသို့ အသေးစားအရင်းအနှီးချေးငွေများကို လည်းကောင်း၊ ဗဟိုသမဝါယမအသင်းဥက္ကဌက ယင်းမာပင်၊ စစ်ကိုင်း၊ ကသာ၊ခန္တီးခရိုင်တို့ရှိ သမဝါယမအသင်းများသို့ အသေးစားအရင်း အနှီးချေးငွေများကို လည်းကောင်း၊ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လယ်ယာမြေများ အဆင့်မြှင့် တင်ပြုပြင်ခြင်းအတွက် ပံ့ပိုးချေးငွေများကိုလည်းကောင်း၊ အသေးစားစက်မှုလက်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြသန်းက လယ်ယာသုံးစက်ကိရိယာများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းများသို့ အသေးစားအရင်းအနှီး ချေးငွေကျပ် (၇၅၂၅၆.၁၁)သန်းကိုလည်းကောင်း၊ လယ်ယာမြေအဆင့်မြှင့်တင် ပြုပြင်ခြင်းအတွက် ပံ့ပိုးချေးငွေကျပ် (၂၄၂.၈၅)သန်း၊ လယ်ယာသုံးစက်ကိရိယာ (၂၆၄)စီး၊ တန်ဖိုးငွေကျပ်(၁၇၉၅.၇)သန်း၊ စုစုပေါင်း တန်ဖိုးကျပ်(၇၇၂၉၄.၆၆)သန်းအား ပံ့ပိုးပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ဝင်းဦး(ဇေယျုာတိုင်း)

No comments:

Post a Comment