Wednesday, July 26, 2017

ရမည်းသင်းခရိုင် ပြည်သူ့ဆေးရုံ၌ ဆေးရုံသုံး ပစ္စည်းအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်



ရမည်းသင်း    ဇူလိုင်   ၂၅
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပြည်သူ့ဆေးရုံသုံး ပစ္စည်းအလှူ ရှင်များအား ဂုဏ်ပြု မှတ်လွှာပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင် ၂၅ ရက် မွန်းလွဲ ၁ နာရီက ခရိုင် ပြန်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ရမည်းသင်းခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညို ၊တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြည်သူ့ဆေးရုံကြီးကြပ်ရေးကော်မတီအဖွဲ့များနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညိုမှ အမှာစကားပြောကြားပြီး ဆေးရုံသုံး ပစ္စည်းများ လှူဒါန်းသည့်အလှူရှင် (၁၂) ဦးကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကာ ရမည်းသင်းခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ လှလှဌေးမှ  ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ရမည်းသင်းခရိုင် ပြည်သူ့ဆေးရုံတွင် လိုအပ်လျက်ရှိသည့် အချုပ်သား လူနာဆောင် ဆောက်လုပ်နိုင်ရေးအတွက် အမျိုးသား ကြီးပွားတိုးတက်ရေး ရွှေသတ္ထုတူးဖော်မှုအုပ်စု လီမီတက်မှ လှူဒါန်းဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ခရိုင် (ပြန်/ဆက်)

No comments:

Post a Comment