Wednesday, July 26, 2017

ဖားကန့်မြို့နယ်အတွင်း မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

ဖားကန့် ဇူလှိုင်  ၂၅
ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ကုဋေကျေးရွာ၌ ဇူလိုင်(၁၆)ရက် ည(၁)နာရီတွင် မီးလောင်မှု ဖြစ်ပွားခဲ့သည့်အတွက် အိမ်ထောင်စု(၅)စု၊ လူဦးရေပေါင်း(၂၈)ဦးတို့ မီးဘေးသင့်ခဲ့သဖြင့် ဇူလိုင်လ ၂၅ ရက်နေ့နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဦးစီးဌာနက
ထောက်ပံ့သော တစ်အိမ်ထောင်စုလျှင် ငွေကျပ်(၁)သိန်းနှင့် အဝတ်အထည်များ၊ မိသားစုအသုံးအဆောင် ပစ္စည်းများကို မြို့နယ်သဘာဝဘေး လျော့ပါးရေးကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးပြေငြိမ်းတို့က အဆိုပါ အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်

No comments:

Post a Comment