ပုလော ဇူလိုင်
၂၅
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးကြပ်၍ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊
ပုလောမြို့နယ်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီအရောင်းဆိုင်များအား လိုက်လံစစ်ဆေးခြင်းကို
ဇူလိုင်လ ၂၅ ရက်နေ့ နံနက်
၉ နာရီ
၃၀ မိနစ်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လူတို့၏အသက်အိုးအိမ်ကို မျှော်လင့်မထားပဲ ဘေးထွက်ဆိုးကျိုးများစွာ ဖြစ်ပေါ်စေနိုင်သည့်
စက်သုံးဆီဆိုင်များကို တရားဝင် လိုင်စင်မရှိဘဲရောင်းချခြင်း၊ ရောင်းချရာ၌
လိုအပ်သည်ထက် သိုလှောင်ထားရှိခြင်းနှင့် မီးဘေးကြိုတင် ကာကွယ်တားဆီးရေးအတွက် အရေးပေါ်
မီးငြှိမ်းသတ်ရေး ကိရိယာများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ သဲအိပ်၊ ရေအိတ်များ၊ မီးသတ်ဆေးဘူးများ
ထားရှိခြင်း ရှိ/မရှိ၊ စက်သုံးဆီအရောင်းဆိုင်များကို မြို့နှင့်နီးစပ်နေခြင်း
စသည့်တို့ကို လိုက်လံစစ်ဆေး၍ ဆီဆိုင်များကို မြို့ပြင်သို့ ပြောင်းရွှေ့နိုင်ရေးနှင့်
တရားခွင့်ပြုချက် ရရှိမှသာ ရောင်းချရန် ဝန်ခံကတိများ လက်မှတ်ရေးထိုးစေခဲ့ကြောင်း သိရှိရသည်။
ပုလော (ပြန်/ဆက်)
No comments:
Post a Comment