Sunday, July 30, 2017

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တောင်ဒဂုံသစ်ဆိပ်ရှိ သစ်အခြေခံစက်မှု လုပ်ငန်းဌာန အမှတ်(၁၀) ပရိဘောဂစက်ရုံ သွားရောက်ကြည့်ရှု စစ်ဆေး


နေပြည်တော် ဇူလိုင် ၃၀

သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအုန်းဝင်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ မြန်မာ့သစ်လုပ်ငန်း တောင်ဒဂုံသစ်ဆိပ်ရှိ သစ်အခြေခံ စက်မှုလုပ်ငန်းဌာန အမှတ်(၁၀) ပရိဘောဂ စက်ရုံသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ထိုသို့ ကြည့်ရှု စစ်ဆေးစဉ် စက်ရုံမှ တာဝန်ရှိသူများက စက်ရုံ၏ ကုန်ကြမ်းရရှိမှု အခြေအနေ၊ ထုတ်လုပ်မှု အခြေအနေနှင့် ပြည်ပတင်ပို့မှု အခြေအနေတို့ကို ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စု ၀န်ကြီးက လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
 (သတင်းစဉ်)

No comments:

Post a Comment