Saturday, July 8, 2017

လွှတ်တော်ရုံး အသီးသီး၏ ပဉ္စမအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ


နေပြည်တော်၊  ဇူလိုင် 
လွှတ်တော်ရုံး အသီးသီး၏ ပဉ္စမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ ကျင်းပသည်။

အခမ်းအနားသို့ နေမပြည်တော်၊ ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမ ဈေးကုန်းကျောင်း တိုက်ကြီး၏ ပဓာန နာယက၊ နိုင်ငံတော်သြဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာ ပဏ္ဍိတ၊ ဘဒ္ဒန္တကဝိသာရ အမှူးပြုသော  ဆရာတော်၊ သံဃာတော်များ ကြွရောက်ကြသည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မဟာဝိသုတာရာမ ဈေးကုန်း ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူ ဆောက်တည် ကြသည်။
ယင်းနောက် ဆရာတော်၊ သံဃာတော်များထံ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော် ရုံးအသီးသီးမှ တာဝန် ရှိသူများက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်‌၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် လွှတ်တော်ရုံးများမှ ဝန်ထမ်းမိသားစုများ တက်ရောက် ခဲ့ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment