Tuesday, July 25, 2017

ဘူးသီးတောင်မြို့နယ်၌ စက်လှေနစ်မြုပ်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦး ပျောက်ဆုံး


ဇူလိုင်၂၄၊၂၀၁၇
ဘူးသီးတောင်မြို့နယ်၌ စက်လှေနစ်မြုပ်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇူလိုင် ၂၃ ရက် မနက် ၄ နာရီမှ ည ၇ နာရီအထိ ဘူးသီးတောင်မြို့နယ် နယ်မြေ (၁၀) တင်းမေကျေးရွာ အနီးတစ်ဝိုက်တွင် နယ်မြေတည်ငြိမ်အေးချမ်းအတွက် လှည့်ကင်း ဆောင်ရွက်ခဲ့ကြသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ည ၉ နာရီခွဲတွင် ကျောင်းတော်မှ တောင်ဘဇာသို့ ပန်ဇင်းချောင်းအတိုင်း စက်လှေဖြင့် ပြန်လာခဲ့ရာည ၁၀ နာရီခွဲတွင် စက်လှေမှာ ရေစီးအားကြောင့် တိမ်းမှောက်ခဲ့သည်။
ရှာဖွေကယ်ဆယ်မှုများဆောင်ရွက်ခဲ့ရာ တိမ်းမှောက်သွားသည့် စက်လှေပေါ်ပါ လုံခြုံရေးတပ်ဖွဲ့ဝင် ၇ ဦးအနက် ၃ ဦးမှာ ည ၁၁ နာရီတွင် ကျောင်းတောင် ရဲကင်းစခန်းသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး စက်လှေမောင်းသူအား ည ၁၁နာရီ ၅၅ မိနစ်တွင် ပန်ဇင်းချောင်း၏ အနောက်ဖက်ကမ်းစပ်၌ ပြန်လည်တွေ့ရှိခဲ့သည်။
ကျန်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင် ၄ဦးမှာ ပျောက်ဆုံးလျက်ရှိပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြာင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)

No comments:

Post a Comment