Tuesday, July 25, 2017

ဘူးသီးတောင်မြို့နယ် ဘုရားပြင်သိန်းတန်ရွာဆယ်အိမ်မှူး အသတ်ခံရ


ဇူလိုင် ၂၄၊၂၀၁၇
ဘူးသီးတောင်မြို့နယ် နယ်မြေ (၁၁) ဘုရားပြင်သိန်းတန်ရွာ၌ ဇူလိုင်၂၃ ရက် ည ၁ နာရီတွင် ဆယ်အိမ်မှူး အသတ်ခံရမှုတစ်ခုဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဘူးသီးတောင်မြို့နယ်နယ်မြေ (၁၁) ဘုရားပြင်သိန်းတန် ရွာမှ ဆယ်အိမ်မှူး ဟူဆောင်းနာမောက်(၄၅)နှစ် သည် အိပ်နေစဉ် အမည်မသိ(စုံစမ်းဆဲ)အစွန်းရောက်၁ဦး အိပ်ခန်းထဲ သို့ ဝင်ရောက်လာပြီး ဓားရှည်ဖြင့် လှီး/ ထိုးခဲ့ရာ ပြတ်ရှ၊ ထိုးသွင်းဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဆယ်အိမ်မှူး၏ဇနီးဖြစ်သူ မဖာတေမာခါတူသည် ဇူလိုင် ၂၄ရက် နံနက်၃နာရီတွင် နယ်မြေရဲစခန်းသို့ တိုင်တန်းခဲ့၍ အမှုဖွင့်စုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရသည်။
သေဆုံးသူ ဆယ်အိမ်မှူး ဟူဆောင်းနာမောက်၏ အလောင်းအား ဘူးသီးတောင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)

No comments:

Post a Comment