Wednesday, July 12, 2017

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီလီနှင့်အဖွဲ့ စစ်တွေမြို့သို့ ရောက်ရှိ



စစ်တွေ  ဇူလိုင် ၁၂
 
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီလီနှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မြန်မာ အမျိုးသားလေကြောင်း လိုင်းဖြင့် ကျောက်ဖြူမြို့မှ စစ်တွေမြို့သို့ ရောက်ရှိသည်။


မစ္စယန်ဟီလီနှင့် အဖွဲ့သည် နံနက် ၁၀ နာရီတွင် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ရုံး ပြည်နယ် ၀န်ကြီးချုပ် ဧည့်ခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ဦးဆောင်သော ပြည်နယ်အစိုးရ အဖွဲ့ဝင် များနှင့် တွေ့ဆုံသည်။ 

ထိုသို့ တွေ့ဆုံစဉ် ကျောက်ဖြူ အထူး စီးပွားရေးဇုန်နှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ ကျောက်ဖြူဒေသခံ တောင်သူများနှင့် တွေ့ဆုံခဲ့မှု၊ I DP Camp များ​ ပြောင်း​ရွှေ့နေရာ ချထားမှုနှင့်​​ မောင်​​တော၊ ဘူးသီး​တောင်​ဒေသ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လက်​ရှိဒေသ အ​ခြေအ​နေ၊ ဆိုင်​ကလုန်းမုန်​တိုင်း မိုရာ ကြောင့်​ ဖြစ်​ပွားခဲ့​သော ပျက်​စီး ဆုံးရှုံးမှုများအား ပြန်​လည်​ ဆောင်​ရွက်​ထားရှိမှုနှင့်​ ပတ်​သက်​ပြီး ဆွေး​နွေး ခဲ့ကြသည်​။

ထို့နောက် မစ္စယန်ဟီလီနှင့် အဖွဲ့သည် ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမ၌  စစ်တွေမြို့ မြို့မိ/ဖအဖွဲ့ဝင် (၆)ဦးနှင့် တွေ့ဆုံဆွေးနွေးပြီး မွန်းလွဲပိုင်းတွင် စစ်တွေ မြို့မှ ဘူးသီးတောင်မြို့သို့ ရေကြောင်းခရီးဖြင့် ထွက်ခွါသွားကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)

No comments:

Post a Comment