နေပြည်တော်
ဇူလိုင် ၂၇
အမျိုးသား
ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံကိန်းများ အကောင်အထည်ဖော်ရေး ကော်မတီ
ဒုတိယအကြိမ် ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉နာရီခွဲတွင် နေပြည်တော်၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင်
ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် စီမံကိန်းများကို ဦးစားပေး
အစီအစဉ် သတ်မှတ်၍ တစ်ဆက် တစ်စပ်တည်း
အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ ပို့ဆောင်ရေးစီမံကိန်းများ အကောင်
အထည်ဖော်မှုကို ညှိနှိုင်းစောင့်ကြည့် စစ်ဆေးနိုင်ရေး၊ လိုအပ်ချက်များကို
ဖြည့်ဆည်းပေးနိုင်ရန် ပုံမှန်တွေ့ဆုံညှိနှိုင်းရေး/ လိုအပ်သလို
တွေ့ဆုံညှိနှိုင်းရေး၊ လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် လိုအပ်သည့်
ကော်မတီနှင့် အဖွဲ့ဝင်များ ဖွဲ့စည်း သတ်မှတ်ပေးနိုင်ရေး၊ နိုင်ငံတော်ဘတ်ဂျက်တွင်
ဘဏ္ဍာငွေ လိုအပ်ချက် ထည့်သွင်းတောင်းခံနိုင်ရေး၊ စီမံကိန်းများအား ပြည်ပမှ ချေးငွေ/
အထောက် အပံ့ (သို့မဟုတ်) ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများဖြင့်
ဆောင်ရွက်သွားနိုင်ရေး တို့အား ညှိနှိုင်းဆွေး နွေးခဲ့ကြောင်း သိရှိရသည်။
ကော်မတီ၏
ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန၌
၂၀၁၆ခုနှစ်၊ ဇူလိုင် (၂၂) ရက်တွင် ကျင်းပခဲ့ပြီး အဆိုပါ အမျိုးသား ပို့ဆောင်ရေးကဏ္ဍ
ဖွံ့ဖြိုး တိုးတက်ရေးနှင့် စီမံကိန်းများ အကောင်အထည်ဖော်ရေး ကော်မတီကို
ပြီးခဲ့သည့်နှစ် ဇွန် ၂၀ ရက်တွင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
အစည်းအဝေးသို့
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ စီမံကိန်းနှင့်
ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့မှ
ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်
ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနများမှ အမြဲတမ်း အတွင်းဝန်များနှင့်
သက်ဆိုင်ရာဌာနများမှ ဌာနအကြီးအကဲများ နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း
သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment